အင်ဒိုနီးရှား၌ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်

အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာကြောင်း သဘာဝဘေး အေဂျင်စီက မေလ ၄ ရက်တွင် ထုတ်ပြန်ထားပါသည်။

ယခုကဲ့သို ရေကြီးမှုနှင့် မြေပြိုမှုများသည် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် တောင်ဆူလာဝေဆီပြည်နယ်ရှိ နေအိမ် ၁၈၀၀ ကျော်မှာ ရေလွှမ်းမိုးမှုခံရကြောင်း၊ ရေလွှမ်းမိုးခံရသည့်နေအိမ်များအနက် ၁၀၃ လုံးမှာ လုံးဝပျက်စီးသွားပြီး ၄၂ လုံးမှာ ရေစီးနှင့်အတူ မျောပါသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အလားတူ ရေဘေးသင့်ပြည်သူ ၁၁၅ ဦးမှာ နေအိမ်စွန့်ခွာထွက်ပြေးရပြီး ဘေးကင်းရာအရပ်ရှိ နေအိမ်များနှင့် ဗလီများတွင် နေထိုင်နေရတယ်လို့လည်းသိရပါတယ်။ #Crd