အမေရိကန်မှာ လေယာဉ် ၂ စီး တိုက်မိပြီး လူ ၆ ဦး သေဆုံး

အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် ဒါးလက်စ်မြို့မှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် လေကြောင်းပြပွဲတခုမှာ လေယာဉ်နှစ်စင်း တိုက်မိခဲ့ပါတယ်။

ဘိုးရင်း B-17 Flying Fortress ဗုံးကြဲလေယာဉ်နဲ့ Bell P-63 ကင်းကော့ဘရာ တိုက်လေယာဉ်တို့ဟာ ဒါးလက်စ် လေဆိပ်မှာ ကျင်းပတဲ့ Wings Over Dallas လေကြောင်း ပြပွဲမှာ အချင်းချင်း တိုက်မိခဲ့ပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ လူ ၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားကို တွေ့ရှိရပါတယ်။