ပြင်းထန်လာနေတဲ့ ပြင်သစ်အဓိကရုဏ်း

ပြင်သစ်နိုင်ငံ Hauts-de-Seine ပြည်နယ် Nanterre မြို့တွင် ဇွန် ၂၇ ရက်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကားတစ်စီးကို တားဆီးစဉ် သေနတ်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနေသည့် အသက် ၁၇ အရွယ် လူငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ရပ်သည် ပြင်သစ်နိုင်ငံ အလွှာအသီးသီးက ပြင်းပြင်းထန်ထန် တုန့်ပြန်မှုများ ဖြစ်ပွားခဲ့သည်။ ဇွန် ၂၈ ရက် ညပိုင်းက ပြင်သစ်နိုင်ငံ မြို့အများအပြားတွင် မြို့တော်ခန်းမ၊ ရဲစခန်းနှင့် စာသင်ကျောင်းများကို ဦးတည်သော အကြမ်းဖက်တိုက်ခိုက်မှုနှင့်မီးရှို့မှုများ ဖြစ်ပွား ခဲ့သည်။ ဇွန် ၂၉ ရက် ညပိုင်းတွင် အဓိကရုဏ်းသစ်များ ဖြစ်ပွားခြင်းကို ကာကွယ်ရန်အတွက် ပြင်သစ် ပြည်ထဲရေးဝန်ကြီးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးမြှင့်တပ်လှန့်ထားရန် ကြေညာခဲ့ရာ ၎င်းတို့တွင် မြို့တော် ပဲရစ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၅,၀၀၀ ဖြန့်ကျက်ထားရန် ပါဝင်ကြောင်း သိရသည်။

ပြင်သစ်သမ္မတ မက်ခရွန်က လူငယ်တစ်ဦးကို အသက်သေဆုံးအောင် ပစ်ခတ်သည့် ကိစ္စမှာ “ခွင့်လွှတ်ဖွယ်မရှိ”သော်လည်း အများပြည်သူပိုင်အဆောက်အဦကို ဦးတည် တိုက်ခိုက်ခြင်းမှာ “ကျိုးကြောင်းဆီလျော်မှု မရှိခြင်း”ကြောင့် ပြည်သူများအနေဖြင့် တည်တည်ငြိမ်ငြိမ်နေသင့်ကြောင်း ဇွန် ၂၉ ရက် ပြည်ထဲရေး အရေးပေါ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် သေနတ်ပစ်ခတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အား တမင်ရည်ရွယ်သည့်လူသတ်မှု ကျူးလွန်သည်ဟူသော သံသယဖြင့် ထိန်းသိမ်းထားပြီးဖြစ်ရာ ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဖြေကြားထားခဲ့သော်လည်း ဇူလိုင်လ ၂ ရက်နေ့ညပိုင်းမှာဆိုရင် လူပေါင်း ၇၀၀ ကျော်ကို ရဲကဖမ်းဆီးခဲ့ပါတယ်။ တဖက်မှာလည်း ပါရီမြိုဆင်ခြေဖုံးက မြိုတော်ဝန်ရဲ့နေအိမ်ကို လူတစ်စုက ကားနဲ့ဝင်တိုက်မှုဖြစ်လို့ မြိုတော်ဝန်ရဲ့ဇနီးသည် ခြေထောက်ကျိုးခဲ့တဲ့အထိ ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။