တန်ပြန်ထိုးစစ်နှင့် ခံစစ်ဆိုင်ရာ စစ်ဆင်ရေးများ စတင်နေပြီဖြစ်ကြောင်း ယူကရိန်းဆို

ယူကရိန်းတို့ဖက်မှ ပြောဆိုခဲ့သည်မှာကြာနေပြီဖြစ်သော နယ်မြေပြန်လည်သိမ်းယူရေးစစ်ဆင်ရေးများမှာ ယခုအချိန်အထိ စီစဉ်နေဆဲဟု ထင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားပြီးနောက် တစ်ရက်အကြာဖြစ်သည့် ဇွန်လ ၁၀ရက်နေ့ စနေနေ့တွင် ၎င်း၏စစ်တပ်သည် “တန်ပြန်ထိုးစစ်နှင့် ခံစစ်စစ်ဆင်ရေးများ” စတင်နေပြီဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇလန်းစကီးက တုန့်ပြန်ပြောဆိုခဲ့ကြောင်းသိရပါတယ်။