တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးပင်လယ်အတွင်း သင်္ဘောတစ်စီးနစ်မြုပ်

ဇန်နဝါရီလ ၂၅ရက် နံနက် ၁နာရီ ၄၅မိနစ်ခန့်တွင် Seogwipo, Jeju ပင်လယ်ထဲမှာ မြန်မာနိုင်ငံသား ၈ ယောက်ပါတဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာ Seogwipo၊ Jeju ကမ်းလွန်တွင် နစ်မြုပ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဂျဲဂျူကျွန်း ဆောဂွီဖိုမြို အရှေ့တောင်ပိုင်း ပင်လယ် ကမ်းခြေ အကွာ ၁၄၈ ကီလိုမီတာ ပင်လယ်ပြင်မှာ တန်ချိန် ၆၅၅၁ တန်ရှိ ဟောင်ကောင်ပိုင် ကုန်တင် သင်္ဘော တစ်စီး နစ်မြုပ်သွားခဲ့တာဖြစ်ပြီး သင်္ဘောပေါ်တွင် တရုတ်နိုင်ငံသား ၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၈ ဦး အပါအဝင် နိုင်ငံခြားသား ၂၂ ဦး လိုက်ပါသွားကြောင်း သိရသည်။
ကံကောင်းထောက်မစွာဖြင့် တရုတ်နိုင်ငံသား ၅ ဦးကို နံနက် ၆ နာရီ ဝန်းကျင်တွင် ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန် ၁၇ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။