ထိုင်းအတိုက်ခံပါတီ ခေါင်းဆောင် ပီတာလင်ဂျားရန်းနတ် ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် စစ်တပ်ထောက်ခံမှု လိုသေး

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မေလ ၁၄ ရက်) က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ Move Forward ပါတီနဲ့ Pheu Thai ပါတီတို့ မဲအများစုနဲ့ နိုင်ခဲ့ကြပေမဲ့ အတိုက်အခံပါတီဖြစ်တဲ့ Move Forward ပါတီရဲ့ ခေါင်းဆောင် ပီတာလင်ဂျားရန်းနတ် ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် စစ်တပ်ထောက်ခံမှု လိုအပ်နေသေးကြောင်းသိရပါတယ်။

Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျားရန်းနတ်ကတော့ Pheu Thai ပါတီအပါအဝင် ပါတီပေါင်း ခြောက်ပါတီညွန့်ပေါင်းဖွဲ့စည်းသွားမယ်လို့ဆိုပါတယ်။ ပါတီညွန့်ပေါင်းဖွဲ့စည်းပြီးသွားရင်တောင် အဲဒီညွန့်ပေါင်းအဖွဲ့ဟာ လွှတ်တော်အမတ်နေရာ ၃၀၉ နေရာကိုသာ ရရှိသေးပြီး ပီတာဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရဖို့ အနည်းဆုံးလိုအပ်တဲ့မဲအရေအတွက်က ၃၇၆ မဲဖြစ်နေအတွက် စစ်တပ်ကခန့် အပ်ထားတဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုရရှိဖို့ လိုနေဦးမယ်ဖြစ်ပါတယ်။