မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် မိုင်းထောင်နေသော PDF ဦးအား အသေပစ်ခတ်ဖမ်းဆီး

၂၀၂၃ ခုနှစ်၊ မေလ ၉ ရက် ညနေ ၆ နာရီခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းထောင်နေသည့် PDF ၁ ဦးအား တွေ့ရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ-

  • PDF အလောင်း –၁ လောင်း
  • လက်လုပ်သေနတ် –၁ လက်
  • ကျည်ဆံ –၃ တောင့်
  • လက်လုပ်မိုင်း –၁၅ လုံး
  • ၁၂ ဗို့ဘတ္ထရီ –၆ လုံး
  • ဆော့ကတ် –၄ ခု
  • ကီးပတ်ဖုန်း –၂ လုံး
  • ဝါယာကြိုး –၃ ခွေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။