ဘုန်းကြီးကျောင်းအနီး အကြမ်းဖက်သမားများ နေရာယူပစ်ခတ်

ဒီဇင်ဘာ ၅ ရက်၊ (ဖားကန့်၊ ကံဆီး)
ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ယမ်းချက်ကျေးရွာ၏ မြောက်ဘက်သို့အရောက်
မှော်ပုံကျေးရွာရှိ သဲအင်းဂူဘုန်းကြီးကျောင်းနှင့် ဘုန်းကြီးကျောင်းအနီးတွင် နေရာယူထားသည့်
KIA သောင်းကျန်းသူနှင့် အကြမ်းဖက်သမား ပူးပေါင်အင်အား ၃၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး-
-ပစ္စတို ၁ လက်
-ကျည်အိမ် ၁ ခု
-ကျည်မျိုးစုံ ၃၄ တောင့်
-လက်လုပ်သေနတ် ၂ လက်
-လက်လုပ်မိုင်း ၃ လုံး
-ကျည်ကာအင်္ကျီ ၁၀ ထည်
-KIA ယူနီဖောင်း ၁၁ စုံ
-ဦးထုပ် ၂ လုံး
-အိုင်ကွန်အထိုင်စက် ၁ လုံး
-လမ်းလျှောက်စကားပြောစက် အားသွင်းခုံပါ ၂ လုံး
-ဆေးဝါးမျိုးစုံ(ဆာလာအိတ်) ၅ အိတ်တို့ သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…