အာဆီယံ နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့ အကြား စီးပွားရေး မူဝါဒများ ဆွေးနွေး

အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့ အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ကာ စီးပွားရေး ဖွံဖြိုးတိုး တက်စေနိုင်သည့် မူဝါဒများနှင့် မဟာဗျူဟာများ ပုံဖော်နိုင်ရေး အာဆီယံ – ကိုရီးယားစင်တာမှ ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံကော်မတီ – ဆိုးလ် (ASEAN Committee in Seoul) ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ မေ(၈) ရက်တွင် ဆိုးလ်မြိုရှိ Four Seasons Hotel Seoul ၌ ကျင်းပခဲ့သည့် အာဆီယံ-ကိုရီးယား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စားပွဲဝိုင်းဆွေး နွေးပွဲ ၂၀၂၄ (ASEAN–Korea Trade and Investment Roundtable 2024) သို တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။