တက္ကသိုလ်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများ လက်ခံခြင်းကို ရက်တိုးမြှင့်သတ်မှတ်

ဝေးလံသော ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ တက္ကသိုလ်စာမေးပွဲလျှောက်လွှာ မတင်သွင်း
နိုင်သေးတဲ့ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စေရန်အတွက် ၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲဝင်ခွင့် လျှောက်လွှာလက်ခံခြင်းကို
အောက်တိုဘာလ ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။