တရုတ်စာသင်ကျောင်းတစ်ခုက ဂုဏ်ပြုဆုအဖြစ် ဝက်သားနဲ့သားငါးစိမ်းကို ဆုအဖြစ် ချီးမြှင့်

တရုတ်အရှေ့ပိုင်းက စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားတစ်ဦးစီကို စာသင်နှစ်တစ်နှစ် တာမှာ ကောင်းမွန်တဲ့ အရည်အချင်းနဲ့စွမ်းဆောင်ရည်တွေကြောင့် ကျောင်းအုပ်ချုပ်သူတွေက ဝက်သားစိမ်းနဲ့ ငါးအသားတွေကို အတွဲလိုက် ဆုချီးမြှင့်တယ်လို့ သိရပါတယ်။ ဒီလို သားငါးစိမ်း တွေကို ဆုအဖြစ် ချီးမြှင့်ပေးအပ်ခဲ့တာဟာဆိုရင် အဲ့ကျောင်းမှာ ငါးနှစ်တာ ဆက်တိုက်လုပ် လာခဲ့ပါတယ်။

နှစ်သစ်ကူးအချိန်အခါ သမယ ကြိုဆိုဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ ထိပ်တန်းကျောင်းသားတွေကို ဝက်သားစိမ်းတွေနဲ့ သားငါးစိမ်း ကီလိုဂရမ် ၁ သောင်းအထိ ဆုချီးမြှင့်ခဲ့ကြောင်း ပြည်မကြီး မီဒီယာက ဖော်ပြခဲ့ပါတယ်။ စာရေးကိရိယာ ဒါမှ မဟုတ် ငွေကြေးကဲ့သို့သော သမားရိုးကျ ဆုတွေ အစား အန်ဟွီပြည်နယ်၊ ဖူးရန်းက အမှတ် ၁၀ အလယ်တန်းကျောင်းက ကျောင်းသား ၃၅၀၀ ကျော်တို့ကို အစားအသောက်နဲ့ စားနပ်ရိက္ခာအတွက် အခုလို အသားကီလိုဂရမ်များစွာ ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဟီနန် ရုပ်မြင်သံကြားတဲ့ မြို့တော် ချန်နယ်က ဇန်နဝါရီ ၈ ရက်တုန်းက ဖော်ပြခဲ့ပါတယ်။