ပြာသို-တပို့တွဲ ရိုးရာဓလေ့ကို ထိန်းသိမ်းဆင်နွှဲ

မျက်မှောက်ကာလ၌ အအေးပိုနေသည်မှာ ရာသီဥတုဖောက်ပြန်ခြင်းမဟုတ်ဘဲ မြန်မာတို၏ ရာသီသဘာဝဆောင်းကာလ၏ အတွေ့အထိကို ပီပြင်ခံစားနေရခြင်းသာဖြစ်သည်။ လွန်ခဲ့သည့်နှစ်များက ရာသီဥတုပြောင်းလဲသည့်ဖြစ်စဉ်များနှင့် တွေ့ကြုံခဲ့ရသော်လည်း ယခုကာလတွင် နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီကို ပီပြင်စွာ ကြုံတွေ့ခံစားရသဖြင့် ကောင်းခြင်းလက္ခဏာပင်ဖြစ်သည်။ ဥတုရာသီကောင်းမွန် ခြင်း၊ ဆန်ရေစပါးပေါများခြင်းသည် တိုင်းပြည်သာယာဝပြောသည့် လက္ခဏာဖြစ်၏။

မြန်မာတို၏ ၁၂ လရာသီတွင် ပြာသို-တပိုတွဲလသည် အချမ်းအေးဆုံးလဖြစ်သည်။ ယခုကာလတွင် မြိုပြများတွင်ပင် အအေးပိုလျက် ကျေးလက်ဒေသများတွင် ခိုက်ခိုက်တုန်ချမ်းအေးလွန်းသဖြင့် မီးလှုကြသည်။ မီးဟူသည် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင်ဘေးဖြစ်သည်ကို သတိပြုရမည်။ မီးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်ကြရမည်။ ဥတုဘောဇနကျမ်းတွင် “မီးပူသည် လေသလိပ်ကိုနိုင်၏။ ဝမ်းချုပ်ခြင်း၊ အေးခြင်း၊ ကိုယ်တုန်လှုပ်ခြင်းကိုနိုင်၏။ အစာမကြေခြင်း၊ သလိပ်ထခြင်းကိုငြိမ်းစေနိုင်၏။ သွေး၊ သည်းခြေကို ပျက်စေတတ်၏။ မီးခိုးသည်သလိပ်ကို ပျက်စေတတ်၏။ မျက်စိနှင့်မသင့်၊ ဦးခေါင်းလေးခြင်းကို ပြုတတ်၏။ လေ၊ သည်းခြေကို ပျက်စေတတ်၏”ဟု ဆိုထားသည်။

ပါဠိစာပေတိုတွင် ဆီးနှင်းကျ၍ အလွန်အေးသော ရှစ်ညကိုတွေ့ရသည်။ ယင်းရှစ်ညသည် ယခု တပိုတွဲ- တပေါင်းတို၏ အကြားကာလဖြစ်သည်။ စပ်ကြားရှစ်ညဟုဆိုသည်။ ဤညများတွင် အလွန်အေးလှသဖြင့် လူတိုအနေဖြင့် သတိပြု၍ မီးလှုနိုင်သလို ရဟန်းတိုအနေဖြင့်လည်း မီးလှုနိုင်သော်လည်း သာမန်ညတိုတွင် မီးလှုခြင်းကိုကား ဘုရားရှင်က နှစ်သက်တော်မမူပေ။ အကြောင်းကား မီးလှုခြင်းနှင့်ပတ်သက်၍ ရဟန်းတို၌ အပြစ်ငါးပါးကို ဟောကြားထားသောကြောင့်ဖြစ်သည်။ တပိုတွဲလတွင် ဆင်သတ္တဝါပင် အစွယ်အေးသည့်ရာသီဖြစ်၍ မြတ်စွာဘုရားကို ရည်မှန်းကာ အမွှေးနံ့သာတိုဖြင့် မီးဖုံးပြာသာဒ်ပြုလုပ်ပြီး လှူဒါန်းပူဇော်ကြကြောင်း သိရသည်။

မြန်မာတိုသည် တပိုတွဲလ၌ ယာဂုကျိုသောပွဲဆင်နွှကြသည်။ ယာဂုဆိုသည်မှာ ပါဠိဝေါဟာရဖြစ်သည်။ ဆန်တစ်ဆ၊ ရေခြောက်ဆထည့်၍ ကျိုသောဆန်ပြုတ်ပင်ဖြစ်သည်။ ဥတုဘောဇနကျမ်း၌ ယာဂုသည် “ဝမ်းမီးကို တောက်စေတတ်၏။ ကြေလွယ်၏။ ရေငတ်ခြင်းကိုနိုင်၏။ ဆီးကိုရွှင်စေတတ်၏။ ပင်ပန်းနွမ်းနယ်ခြင်းကိုနိုင်၏။ အဖျားနာ၊ ဝမ်းနာနှင့်သင့်၏”ဟုဆိုထားသည်။ ရဟန်းတိုနှင့်ပတ်သက်၍မူ “ဆာခြင်းကိုဖျောက်နိုင်၏။ မွတ်ခြင်းကိုပျောက်၏။ လေကိုအောက်သိုသက်စေ၏။ ဆီးအိမ်ကို သုတ်သင်တတ်၏။ အစာကိုကျက်စေတတ်၏” ဤငါးပါးကို မြတ်စွာဘုရားဟောကြားထားတော်မူသည်။ ထိုကြောင့် တပိုတွဲလတွင် ရဟန်းတိုနှင့်အလွန်သင့်မြတ်သည့် ယာဂုလှူဒါန်းခြင်းကို ပြုလုပ်ကြသည်။

ယာဂုအလှူတော်သည် ရှေးကာလက မြန်မာတို၏ ရိုးရာဓလေ့ဖြစ်သည်။ ယုဒသန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ယာဂုကို “ a certain preparation of boiled rice mixed with sundry ingredients, one kind of ထမင်းနယ်၊ တပိုတွဲလပြည့် ယာဂုထိုးပွဲ”ဟု ဖွင့်ဆိုထားသည်။ ဤအဘိဓာန်၏ ဖွင့်ဆိုချက်အရ ယာဂုသည် ယခုအခါ ဤကာလတွင် အနယ်နယ်အရပ်ရပ်၌ ထိုးကြသော ထမနဲနှင့်နီးစပ်နေသည်။ ယာဂု(ဆန်ပြုတ်)ဖြစ်စေ၊ ထမနဲဖြစ်စေ ယခုရာသီကာလအတွက် အလွန်သင့်မြတ်သည့် မြန်မာ့ရိုးရာအစားအစာဖြစ်သည်။ တပိုတွဲလ ထမနဲထိုးပွဲများကို မြန်မာ့ရိုးရာအစဉ်အလာဖြင့် ပျော်ရွှင်စွာဆင်နွှကြပြီး ဝေငှလှူဒါန်းကြသည်မှာ ကောင်းခြင်းဝေဆာပြည့်စုံစေပါသည်။

ဂန္ထဝင်စာပေတို၌ ထမနဲကို ယာဂုဟုသာ ဆိုမိန့်ထားသည်။ ယခုအခါ ထမနဲထိုးကြသည်ဟုခေါ်ဆိုကြ၍ ယာဂုထိုးသည်ဟုမဆိုကြပေ။ ယာဂုကျိုသည်ဟုသာဆိုသည်။ ထမနဲကိုအချိုက နှမ်းမနဲဟုလည်းဆိုကြသည်။ ယာဂု သိုမဟုတ် ထမနဲ တစ်ဒယ်ထိုးရာတွင် ကောက်ညှင်းဆန်၊ ဆီ၊ မြေပဲ၊ နှမ်း၊ အုန်းသီး၊ ဆား၊ ချင်း(ဂျင်း)တိုကို အချိုးကျထည့်သွင်းကျိုကြသည်။ ထမနဲ၏အကျိုးသွားမှာ ယာဂုအကျိုးသွားနှင့်အတူတူပင်ဖြစ်သည်။ ဤရာသီတွင် မြန်မာတို၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာ တစ်ခုဖြစ်သလို ကျန်းမာရေးနှင့်ညီညွတ်သော ရာသီစာကာလဖြစ်၍ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း။ ။