စက်လှေနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂါလီ အယောက် ၆၀ ကို ဘိုကလေးမှာ ဖမ်းမိ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ၊အမာမြို့နယ်ခွဲ ၊ ကတုံးလေးရွာအနီးမှာ

အသက် ၁၈ နှစ်အောက်အရွယ်ရှိသူ ၄၅ ဦးအပါအဝင် စက်လှေနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂါလီ အယောက် ၆၀ ကို

အမာမြို့မှာရှိတဲ့ ဒေသခံ ရေလုပ်သားတွေနဲ့ တာဝန်ရှိသူတွေက ပင်လယ်ကမ်းစပ်မှာတွေ့ရှိတာကြောင့် ဖမ်းဆီးပြီး

ဒီကနေ့မှာ ဘိုကလေးမြို့နယ် ရဲစခန်းကို အပ်လိုက်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိထားသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နေပြီး

ဥပဒေအရ လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။