ပြင်ဦးလွင်-မန္တလေးသွား ကားလမ်းတွင် ၁၂ ဘီးကုန်တင်ကား ချောက်ထဲထိုးကျ

ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် ၁၂ ဘီးကုန်တင်ကား ချောက်ထဲထိုးကျခဲ့ပြီး ကားမောင်းသူ လက်နှစ်ဖက်ကျိုးခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက ပြောင်းစေ့များတင်ဆောင်လာသည့် ၁၂ ဘီးကုန်တင်ကားတစ်စီးသည် ပြင်ဦးလွင်-မန္တလေးသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၉ အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို ထိုးကျသွားခဲ့ကြောင်း သိရပါတယ်။