ဂျပန်နဲ့ တရုတ်ဝယ်လက်တွေကြောင့် နှမ်းနက် စျေးကောင်းရ

ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံက ဝယ်လက်ကုန်သည်တွေ အဝယ်လိုက်နေတာကြောင့် နှမ်းနက် ဈေးကောင်းရရှိနေကြောင်း နှမ်းရောင်းဝယ်သူများက ပြောပါတယ်။

ဂျပန်နိုင်ငံကို နှမ်းနက်တင်ပို့ရာမှာ ၂၀၂၂ ခုနှစ်က နှမ်းနက်စမုံ ၃ တင်း(၄၅ ပိဿာပါ) တစ်အိတ်ကို ကျပ် ၂၂၀,၀၀၀ ရှိခဲ့ပြီး ယခုနှစ် သြဂုတ် ၂၆ ရက်စျေးနှုန်းအရ နှမ်းနက်စမုံ ၃ တင်း(၄၅ ပိဿာပါ) တစ်အိတ်ကို ကျပ် ၃၂၀,၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရပါတယ်။