ရန်ကုန်-ကွမ်ကျိုး-လော့စ်အိန်ဂျလိ (LA)ခရီးစဉ်တိုးချဲ့ပြေးဆွဲမယ်

ရန်ကုန် -ကွမ်ကျိုးမှတစ်ဆင့် လော့စ်အိန်ဂျလိ(LA) ခရီးစဉ်ကို china Southern Airlines ဖြင့် စက်တင်ဘာ ၁ ရက်မှစတင် တိုးချဲ့ပျံသန်း ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့တို့တွင် တိုးချဲ့ပျံသန်းပြေးဆွဲမယ်လို့ သိရပါတယ်။

၎င်းခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရပါတယ်။

လော့စ်အိန်ဂျလိ(LA)မှတစ်ဆင့် ကွမ်ကျိုး – ရန်ကုန်ခရီးစဉ်များကိုလည်း အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာ ပျံသန်းပြေးဆွဲပေးမှာဖြစ်ကြောင်းသိရပါတယ်။