Saolaမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူပေါင်းရာနဲ့ချီတိမ်းရှောင်ခဲ့ရ

Saola စူပါတိုင်ဖုန်းသတိပေးချက်ထွက်ပေါ်လာလို့ ဖိလစ်ပိုင်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းရှိ ကျေးလက်ဒေသအများစုတွေမှာ ရေဘေးကနေ လွတ်အောင် လူပေါင်းရာနဲ့ချီ နေအိမ်တွေမှ တိမ်းရှောင်ခဲ့ကြရကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူတွေက သြဂုတ် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။