အိုဟိုင်းယိုးပြည်နယ်မှာ လမ်းချော်သွားတဲ့ ကုန်တင်ရထားကြောင့် ဒေသခံတွေ ပြောင်းရွှေ့နေရ

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့သုံးရက်က လမ်းချော်သွားတဲ့ ကုန်တင်ကွန်တိန်နာရထားက အဆိပ်ရှိဓာတုပစ္စည်းတွေကို မီးရထားလုပ်သားတွေက ထုတ်ယူပြီး ဘေးကင်းအောင်လုပ်ဆောင်နေချိန်မှာ ဒေသခံ ၂၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ဖေဖော်ဝါရီ ၆ရက်က ညွှန်ကြားထားပါတယ်။