မြန်မာနှင့်ပူး​ပေါင်း​ဆောင်ရွက်ရန်စိတ်ဝင်စား​နေသည့်အင်ဒိုနီးရှား

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး (ရန်ကုန်)မှ Charge d’ Affaires ဖြစ်သူ Mr. Muhammad Arif Hidayatullah က ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများအား ၂၀၂၃ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင်   ကုန်သည်စက်မှုအသင်းချုပ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

​တွေ့ဆုံရာ၌ အင်ဒိုနီးရှား-မြန်မာ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အင်ဒိုနီးရှားနိုင်ငံ၏ တက္ကသိုလ်များတွင် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုပေးအပ်မည့်အစီအစဉ်များ၊ ဆန်တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊  ငွေရေးကြေးရေးစနစ်နှင့် ဘဏ်လုပ်ငန်းများကောင်းမွန်စွာ လည်ပတ်စီးဆင်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။