တောင်ကယ်ရိုလိုင်းနားပြည်နယ်ပါတီ အောက်ခြေရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်အနိုင်ရ

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် ဒီမိုကရက်တစ်ပါတီ အောက်ခြေရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနိုင်ရခဲ့ပြီး လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ရီပက်ဘလေကန် ပြိုင်ဘက် ဒေါ်နယ်ထရန့်ကိုရှုံးနိမ့်သူဖြစ်အောင် လုပ်ဆောင်မယ်လို့ ဝံ့ကြွားပြောဆိုလိုက်ပါတယ်။
ပါတီရဲ့ အမည်စာရင်းတင်သွင်းမှုချီတက်ပွဲကို အသက်(၈၁) နှစ်အရွယ် ဂျိုးဘိုင်ဒန်က အပြတ်အသတ်နိုင်ပွဲနဲ့စတင်ခဲ့ကာ သူ့ရဲ့ပြိုင်ဘက်နှစ်ဦးထက် ထောက်ခံမှုသာလွန်ခဲ့ကြောင်း အမေရိကန်မီဒီယာတွေက ရေးသားထားပါတယ်။
ဒါပေမယ့်လည်း လွန်ခဲ့တဲ့လေးနှစ်က အိမ်ဖြူတော်ဆီတွန်းပို့ပေးခဲ့တဲ့ လူမည်းတွေရဲ့ထောက်ခံမှုကို ဘိုင်ဒန်တစ်ယောက်ရရှိသလားဆိုတာနဲ့ပတ်သက်ပြီး ဒီမိုကရက်တွေက တောင်ကယ်ရိုလိုင်းနားက ရလဒ်တွေကို စေ့စေ့စပ်စပ်လေ့လာကြမှာဖြစ်ပါတယ်လို့လည်းသိရပါတယ်။ # Crd