ပထမဦးဆုံး ပွတ်ဆိုင်ဒန်နျူကလီးယားစွမ်းအင်သုံးတော်ပိုဒီတွေကို ရုရှားနိုင်ငံထုတ်လုပ်

ရုရှားနိုင်ငံက နိုင်ငံရဲ့ ပထမဦးဆုံး ပွတ်ဆိုင်ဒန် နျူကလီးယားစွမ်းအင်သုံး တော်ပိုဒီတွေကို အောင်မြင်စွာထုတ် လုပ်လိုက်ပြီ ဖြစ်ကြောင်း အစိုးရပိုင် TASS သတင်းဌာနက ကြေညာလိုက်ပါတယ်။

အဲဒီလက်နက်အစိတ်အပိုင်းတွေ တိုက်ပွဲဝင်အသင့်အနေအထားဖြစ်နေပြီဆိုရင် စွမ်းရည်အကဲဖြတ်လေ့လာမှုတွေဆောင်ရွက်ပြီးနောက်ပိုင်းမှာ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီတော်ပီဒိုတွေရဲ့ နျူကလီးယားစွမ်းရည်တွေနဲ့ပတ်သက်ပြီး သီးခြားစမ်းသပ်စစ်ဆေးမှုတွေကိုလည်း ပြုလုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ပထမဦးဆုံး ပွတ်ဆိုင်ဒန် တော်ပီဒိုတွေမှာ နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်ထားခြင်း ရှိမရှိကိုတော့ ရှင်းရှင်း လင်းလင်းမသိရသေးပါဘူး။ နျူကလီးယားထိပ်ဖူးတွေတပ်ဆင်မထားဘူးဆိုရင်တော့ ဒီတော်ပီဒိုတွေကို လက်နက်တပ်ဆင်မထားသေးဘူးလို့ ယူဆရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီတော်ပီဒိုတွေကို ရုရှားနိုင်ငံရဲ့ အကြီးမားဆုံးရေငုပ်သင်္ဘောဖြစ်တဲ့ အထူးစစ်ဆင်ရေးနျူကလီးယား ရေငုပ်သင်္ဘော ဘဲလ်ဂိုရုဒ် (Belgorod) မှာ တပ်ဆင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ပွတ်ဆိုင်ဒန်ဟာ ၎င်းမှာတပ်ဆင်ထားတဲ့ နျူကလီးယားစွမ်းအင်နဲ့အတူ သတ်မှတ်ပစ်မှတ်ကို ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်တော်ပီဒိုအမျိုးအစားဖြစ်ကြောင်း ၂၀၁၈ ခုနှစ်တုန်းက ပထမဦးဆုံးအကြိမ်ကြေညာခဲ့ပါတယ်။

ပွတ်ဆိုင်ဒန်တော်ပီဒိုကို မိုင်ထောင်ပေါင်းများစွာဝေးတဲ့အကွာအဝေးကနေ ကမ်းရိုးတန်းတွေမှာရှိတဲ့ ရန်သူ့ပစ် မှတ်တွေကို တိုက်ခိုက်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။

အရှည် ၆၅ ပေ (၁၉.၈ မီတာ) နဲ့ အကျယ် ၆.၅ ပေ (၁.၉ မီတာ) ရှိတဲ့ ပွတ်ဆိုင်ဒန်တော်ပီဒိုဟာ ရုရှားနိုင်ငံက တပ်ဖြန့်ချထားသမျှ တော်ပီဒိုတွေထဲမှာ အကြီးမားဆုံးတော်ပီဒိုလို့ ဆိုပါတယ်။

နျူကလီးယားစွမ်းအင်သုံးတော်ပီဒိုဖြစ်တဲ့အတွက် ပွတ်ဆိုင်ဒန်တော်ပီဒိုဟာ တစ်နာရီကို ၁၂၉ ကီလိုမီတာ/ မိုင် ၈၀ နှုန်းသွားလာနိုင်တဲ့အတွက် ရေအောက်မှာကြားဖြတ်တိုက်ခိုက်ဖို့ မလွယ်ကူတဲ့တော်ပီဒိုဖြစ်ပါတယ်။

ပွတ်ဆိုင်ဒန်တော်ပီဒိုဟာ အခြေခံကျတဲ့နျူကလီးယားလက်နက်သစ်တစ်မျိုးဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

Ref: Russia Produces First Poseidon Nuclear-Powered Torpedoes: Report

Crd:PeopleMedia