ဟောင်ကောင်လေဆိပ်မှာ မြေပြင်ဝန်ထမ်းတစ်ဦး လေယာဉ်မတော်တဆမှုနဲ့ သေဆုံး

ဟောင်ကောင်လေဆိပ်မှ မြေပြင်ဝန်ထမ်းတစ်ဦးဟာ အင်္ဂါနေ့ (ဖေဖော်ဝါရီ ၆ ရက်) က တွဲဆွဲလေယာဉ်နဲ့ ဝင်တိုက်မိပြီ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အမည်မဖော်လိုသူ ဟောင်ကောင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၄ နှစ်အရွယ် ဂျော်ဒန်နိုင်ငံသားဟာ တွဲဆွဲထရပ်ကားရဲ့ခရီးသည်တင်ထိုင်ခုံမှာ စီးနင်းလိုက်ပါနေရင်း အဆိုပါယာဉ်ပေါ်မှ ပြုတ်ကျခဲ့သစဉ်မှာနောက်မှ လေယာဉ်က ဝင်တိုက်ခဲ့ခြင်းဖြစ်ပါတယ်။

အင်္ဂါနေ့အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ၎င်းကို အရေးပေါ်လုပ်သားတွေက အသက်ကယ်ဆယ်ရေးပြုလုပ်ခဲ့ ပေမယ့် အခင်းဖြစ်နေရာမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဟောင်ကောင်လေဆိပ်အာဏာပိုင်တွေက အဆိုပါအမျိုးသား ဟာ မြေပြင်ထောက်ပံ့ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးကုမ္ပဏီ China Aircraft Services မှ ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

“ဝန်ထမ်းတွေအနေနဲ့ (ယာဉ်ပေါ်မှာ) အလုပ်လုပ်နေချိန် ထိုင်ခုံခါးပတ် မဖြစ်မနေ ပတ်ထားသင့်တယ်” လို့ ၎င်းက သတိပေးခဲ့ပါတယ်။

ယာဉ်ရဲ့အသက် ၆ဝ အရွယ် ယာဉ်မောင်းကို လူအသေအပျောက် အန္တရာယ်ပြုနိုင်တဲ့ မောင်းနှင်မှု သံသယနဲ့ ဖမ်းဆီးထားပါတယ်။ ဒီဖြစ်ရပ်ဟာ အတော်ကို ရှားရှားပါးပါး ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။