ဖေဖော်ဝါရီလ ၁၀ ရက်နေ့တိုက်ပွဲသတင်းများ

-ကချင်ပြည်နယ် ဆင်ဘိုမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်အား KIA သကသ အဖွဲ့မှ အင်အား ၈၀ ခန့်ဖြင့် မနက် ၇ နာရီခန့်တွင် Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ဖြစ်စဉ်တွင် မိမိဘက်မှ လူ၊ အဆောက်အဦ ထိခိုက်မှုမရှိဘဲ ရန်သူ့ Drone ၁ စီး သိမ်းဆည်းရမိခဲ့။

-ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေပြုနေရာကို AA သကသ အင်အား ၁၀၀ ခန့်က Drone ၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် AA အဖွဲ့ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း AA အလောင်း ၉ လောင်းကျန်ရှိခဲ့။

-ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ သိမ်တောင်ဘုရားကုန်းအနီးနှင့် ကျေးလက်ရုံး၊ ပြည်သူ့ဆေးရုံတို့တွင် လုံခြုံရေးဆောင်ရွက်နေသော လခရတပ်ဖွဲ့ဝင်များအား မနက် ၈ နာရီမှ နေလည် ၁၂ နာရီခွဲအထိ AA သကသ အင်အား ၉၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ရန်သူထိခိုက်မှု စုံစမ်းဆဲဖြစ်။

-စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် နယ်မြေရှင်းလင်းနေသော အကြမ်းဖက်နှိမ်နင်းရေးအထူးစစ်ကြောင်းများသည် ကောလင်းမြို့အနောက်မြောက်ဘက် ခေါပြင်တံတားသို့ မနက် ၁၀ နာရီခန့် ရောက်ရှိစဉ် KIA/PDF အကြမ်းဖက် ၇၀ ဦးခန့်ဖြင့် ည ၇ နာရီခန့်အထိ တိုက်ပွဲဖြစ် ပွားခဲ့ပြီး အကြမ်းဖက်သမားများ အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် KIA ယူနီဖောင်းဝတ် ၅ ဦး၊ PDF ၇ လောင်း၊ အိုင်ကွန် ၃ လုံး၊ လက်နက်ငယ် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။

#တိုက်ပွဲသတင်းစုံ