ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပစ်ချလိုက်တဲ့ အကြမ်းဖက်သမားတွေရဲ့ Drone

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာကို လာတိုက်တဲ့ အကြမ်းဖက်သမားတွေရဲ့ လက်လုပ် Drone ကို အဲဒီကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်နဲ့ပစ်ချ သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်၊ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ အဲဒီညောင်ငုတ်တိုကျေးရွာကို စစ်ကိုင်းမြို့နယ်၊ လင်းယဉ်ကျေးရွာဘက်ကနေ လက်လုပ်စိန်ပြောင်းနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ လက်လုပ်စိန်ပြောင်းကျည်ဟာ ကျေးရွာအထွက်မှာရှိတဲ့ လယ်ကွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေက Drone ၁ စီးနဲ့ပါ ဗုံးတစ်လုံး လာရောက်ပစ်ချခဲ့ပေမယ့် အဲဒီဗုံးဟာ ကျေးရွာအထွက်မှာ ကျရောက်ခဲ့ပေမယ့် ပေါက်ကွဲခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပြီး အဆိုပါ Drone ကို ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်နဲ့ပစ်ချခဲ့ရာမှာတော့ ကျေးရွာအထွက်သို့ ပျက်ကျခဲ့တာကြောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨