YBSယာဉ်မောင်း ဆုများ YRTC မှ ချီးမြှင့်ခဲ့

YBSယာဉ်မောင်း တွေအတွက် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂၇ရက်မှာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) သင်တန်းခန်းမတွင် နံနက် ၁၀နာရီအချိန်ကကျင်းပခဲ့ပြီး ယာဉ်မောင်း ၈၃ဦးကို ဆုများချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ခရီးသွားလုပ်သားပြည်သူများ လိုရာခရီးကို ဘေးကင်းလုံခြုံစွာဖြင့် ပို့ဆောင်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပေးခဲ့ကြသော စံပြယာဉ်မောင်း (၅၃) ဦး အတွက် ဆုကြေးငွေ ကျပ် ၄သိန်းစီ နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ၊ တာဝန်သိယာဉ်မောင်း (၃၀) ဦးအတွက် ဆုကြေးငွေ ကျပ် ၂သိန်း စီနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။