ချမ်းသာကြွယ်ဝမှုတွေကို အမွေပေးမှာမဟုတ်တဲ့ မင်းသားကြီး ဂျက်ကီချမ်း

ကမ္ဘာကျော်တဲ့ ဟောင်ကောင်မင်းသားကြီး ဂျက်ကီချမ်းဟာ ကွယ်လွန်သွားတဲ့အခါ သူ့ရဲ့ အနုပညာ အသက် မွေးဝမ်းကြောင်းကနေရလာတဲ့ များပြားလှတဲ့ ချမ်းသာကြွယ်ဝမှု စည်းစိမ်တွေကို သူ့ရဲ့ သားသမီးတွေအတွက် ပေးထားခဲ့မှာ မဟုတ်ပါဘူး။

သရုပ်ဆောင်ခြင်းနဲ့ အနုပညာအသက်မွေးဝမ်း ကြောင်းမှာ နှစ်ပေါင်း ၆၀ နီးပါး လုပ်ကိုင်ခဲ့တဲ့ ကာလတွေအတွင်း မင်းသား ဂျက်ကီချမ်းဟာ ဒေါ်လာ သန်း ၄၀၀ ပိုင်ဆိုင်မှုရှိခဲ့တယ်လို့ သိရပါတယ်။