KNDF/PNLA ရဲ့ Drop Bomb ကြောင့် အပြစ်မဲ့ပြည်သူသေဆုံး

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီလောက်က ရှမ်းပြည်တောင်ပိုင်း၊ ကျောက်ကချားရွာထဲကို အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်စစ်ကြောင်းနဲ့ PNO အဖွဲ့များမရှိဘဲ ပအိုဝ်းလူမျိုးများ ထိခိုက်စေရန် ရည်ရွယ်၍ Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် ပအိုဝ်းဒေသခံ ဦးမောင် (၅၇ နှစ်) သေဆုံးပြီး မောင်ခွန်ပါဖြူ (၂၇ နှစ်)၊ မောင်ကျော်အောင် (၃၂ နှစ်)နှင့် ထွန်းလင်း (အသက်စိစစ်ဆဲ)တို့ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ #Crd