ဘေးစကားတွေနားယောင်ရင် ဘေးရောက်မည်

စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်လို့ ဒီရက်ပိုင်းထဲ လူငယ်တွေနိုင်ငံခြား ထွက်တော့ မယ်၊ PDF တွေဆီ GO တော့မယ်ဆိုတဲ့ အသံတွေကို တချို့သော အကြမ်းဖက် အားပေး မီဒီယာတွေက နှပ်ကြောင်း ပေးလာတာလေးတွေ မြင်နေရလို့ပါ။ EAOs တွေရဲ့ ခိုင်းဘက်ကျွန်၊ EAO အလိုကျ ရှေ့တန်းကျကျ သေပေးနေရတဲ့ PDF တွေဆီကို သွားချင်နေတာများ ခုလို (၃)နှစ်တာကာလအထိ ဘာလို့စောင့်နေစရာလိုမလဲ။ စဉ်းစားလို့တောင်မရဘူး။ 

—-

တော်လှန်ရေးကာလဟာ (၃)လ မကြာဘူး ။ ဝန်ထမ်းတွေ CDM လုပ်ပေးကြပါ ဆိုပြီး တောင်းဆိုခဲ့တဲ့ Influence အားကောင်းတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ပြည်သူတွေကို ထမင်းငတ်စေ၊ အလုပ်ပြုတ်စေတဲ့ စကားတွေ၊ ၂၀၂၂ နှစ်ဟာ ငါတို့ရဲ့ အဆုံးသတ် တိုက်ပွဲဆိုပြီး NUG ရဲ့ တစ်နှစ်ပြီး တစ်နှစ် Extansion ဆွဲနေတဲ့ တော်လှန်ရေး အခြေအနေတွေ၊ NUG ရဲ့ထောက်ပို့အကြီးစား ပန်ဆယ်လိုရဲ့ အကြမ်းဖက်အားပေးမှု၊ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားရင်ဆိုင်ဖို့ ရှိနေတဲ့ လက်ရှိ အခြေအနေ တွေအရဆိုရင်…. စဉ်းစားဥာဏ်ရှိတဲ့ ဘယ်အမျိုးကောင်းသားတွေမှ တောထဲသွားပြီး ဘဝ ပျက်ခံစရာအကြောင်းမရှိဘူး။ 😎😎😎တော်လှန်ရေးဟာ ဘယ်ချိန်အောင်မယ်မှန်းလည်းမသိဘူး။ ပရောဂျက်မျိုးစုံကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အလှူခံနေတာကလွဲရင် မြေပြင် PDF တွေဆီကို တောင် အပြည့်အဝ မရောက်တဲ့/မထောက်ပံ့နိုင်တဲ့ အဝေးရောက် NUG တို့ရဲ့ False Hope မျှော်လင့်ချက်တွေကို ယုံပြီး တောထဲ ဝင်ချင်သပ ဆိုရင်လည်း သွားကြပေါ့။ တားမနေပါဘူး။

—-

တကယ်တော့ စစ်မှုထမ်းဥပဒေကို သေချာသဘောပေါက်ရင် ဒီကိစ္စက ရှင်းရှင်းလေးပါပဲ။ ယောကျ်ားလေးဆိုရင်လည်း သတ်မှတ်ထားတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ အထိ အကျုံးဝင်ခဲ့ရင်၊ မိန်းကလေးဆိုရင်လည်း သတ်မှတ်ထားတဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အကျုံးဝင်သေးရင် မဖြစ်မနေ စစ်မှုထမ်းဆောင်ရမှာပါပဲ။ ယာယီကင်းလွှတ်ခွင့်ပေးထားတဲ့ ပုဒ်မဥပဒေတွေလည်း ပြဋ္ဌာန်းထားတာပဲ။ တစ်ခုတော့ ရှိတာပေါ့။ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်အရဆိုရင် တစ်နှစ်ကို လူ ၆၀၀၀၀ ပဲ ခေါ်မဲ့ အခြေအနေမှာ တရပ်ကွက်ကို လူနှစ်(၂)ယောက်လောက်ပဲ ပျှမ်းမျှ ရှိနေတာကို သတိပြုနိုင်ရင် ထူးပြီး စိတ်ပူစရာမရှိပါဘူး။ မနေ့က လဝက ရဲ့ ထုတ်ပြန်ချက် အရ ဆိုရင် နိုင်ငံခြားသွားတာကို ပိတ်ပင်စရာမရှိဘူးလို့ သတင်းထုတ်ပြန်ခဲ့တာတွေ့ရတယ်။ ဒါက ဘာကို အာမခံချက်ပေးတာလဲဆိုတော့ ဒီဥပဒေကိုအရ သတ်မှတ်ချက်ပြည့်ရင် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ အချက်ပါနေလို့ဖြစ်သလို ဘယ်ပြည်ပနိုင်ငံတွေ ရောက်ရောက် ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ ထိန်းချုပ်နိုင်တာဖြစ်လို့ လွတ်လွတ်လပ်လပ် နိုင်ငံခြားကို ထွက်ခွာနိုင်ပါတယ်ဆိုပြီး ထုတ်ပြန်ထားတာဖြစ်တယ်။

—-

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အစိုးရရဲ့ထုတ်ပြန်ချက်တွေအရ.. သင်တန်းပြီးတဲ့ အချိန်မှာလည်း ကိုယ့်ရပ်ရွာ လုံခြုံရေးအတွက်ပဲ တာဝန်ပေးအပ်မယ်လို့ ဆိုထားတယ်။ ဒါက “ပြည့်သူလုံခြုံရေးနဲ့ ပြည်သူ့ ကာကွယ်ရေးစနစ်”ကို အကောင်အထည်ဖော်ချင်ရုံ ထက် မပိုပါဘူး။ (၂)နှစ်တာကာလပဲ စစ်သင်တန်းတက်ထားပြီးတဲ့ အရပ်သားတွေကို ဘယ်ရှေ့တန်းမှာ ပို့စရာလည်းအကြောင်းမရှိပါဘူး။ အမိန့်နာခံတတ်ဖို့အတွက် (၂)နှစ်တာ ကာလဆိုတဲ့အချိန်က သိပ်ကို တိုတောင်းလွန်းပါတယ်။ သင်တန်းတက်နေချိန်မှာ လည်း တပ်မတော်သားတစ်ဦးရနေတဲ့ နှုန်းထားအတိုင်း လစာ/စရိတ်တွေ ခံစားခွင့် ရနေမှာဖြစ်လို့ PDF တွေလိုမျိုး တောထဲသွား အငတ်ခံနေစရာ၊ အလှူခံ ပရောဂျက်တွေနဲ့ ရပ်တည် စရာ အကြောင်းလည်း မရှိပါဘူး။ ဆိုတော့…. ဥပဒေပြင်ပအရောက်ခံပြီး PDF တွေနည်းတူ အငတ်ခံ /အသေခံမလား၊ ဂုဏ်သိက္ခာရှိတဲ့ လမ်းကို ရွေးချယ်မလား? စဉ်းစားပေါ့။

(နရီမိုး)