မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေသူများအား ဖမ်းဆီးရမိ

ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ကားကြီးဝန်းအနီး၌ အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် လူ/ယာဉ် ဝင်ထွက်ခြင်းများအား စစ်ဆေးဆောင်ရွက်နေစဉ် လာဒ်ရိမ်မွောင်(ခ)ဆလိုင်းပါလျန် အား အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ အများပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန် သတင်းများရေးသားဖြန့်ဝေပြီး အကြမ်းဖက်အားပေးထောက်ခံသည့် Post များအား Like & Share များ ပြုလုပ်ထားကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲဝင် များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။