နေရပ်စွန့်ခွာပြည်သူများ၏ အိမ်များမှ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်ခဲ့ကြောင်း သတင်းအမှားများ ဖြန့်ဝေ

 မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ နေရပ်စွန့်ခွာဒေသခံပြည်သူများ၏ နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါ သည်။

     အကြမ်းဖက်သမားများ၏  အကြမ်းဖက်လုပ်ရပ်များကြောင့် ကျေးရွာများ အတွင်း အဆောက်အဦးများစွာပျက်စီးခဲ့ခြင်းနှင့် ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများ ကြောင့် အများပြည်သူထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းနှင့် လူမှုကွန်ရက်တွင် ဖြန့်ဝေနေသည့် သတင်းများမှာ သတင်း အမှားသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိ ရပါသည်။

    အဆိုပါဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို  KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့)နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဌာနဆိုင်ရာ အဆောက်အဦများ၊ ရဲစခန်းများအား မတ်လ ၂၄  ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန် လာသည့်အတွက် ကျေးရွာများအတွင်း နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter – Terrorism Operation)ဖြင့် ဆောင်ရွက် ခဲ့ရာ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဧပြီလ ၂၅ ရက် နေ့တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဒေသခံပြည်သူ များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ပြည်သူများအထင်အမြင် လွဲမှားစေ ရန်နှင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဖြန့်ဝေ နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။