H5N1 ကူးစက်ခံနွား၏ နို့တွင် ဗိုင်းရပ်စ်ပါနိုင်

ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတဲ့ နွားများမှထွက်ရှိတဲ့ နို့စိမ်းများမှာ H5N1 ဗိုင်းရပ်စ် အလွန်မြင့်မားတဲ့ ပမာဏတွေ့ရှိထားကြောင်း WHO က သောကြာနေ့ (ဧပြီ ၁၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပါ ဗိုင်းရပ်စ်ပိုးက နွားနို့ထဲမှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မယ်ဆိုတာ မသိရသေးဘူးလို့ WHO က သောကြာနေ့ (ဧပြီ ၁၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ကြက်ငှက်တုပ်ကွေး A (H5N1) ဟာ ၁၉၉၆ ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့ ရောဂါတစ်ခု ဖြစ်ပေမယ့်လည်း ကမ္ဘာပေါ်မှာ အရှင်းပပျောက်သွားခြင်းမျိုးမရှိဘဲ ၂၀၂၀ ခုနှစ်မှ စ ငှက်မတွေမှာ ကူးစက်ဖြစ်ပွားမှု အရေအတွက် အဆမတန်ကြီးထွားလာခဲ့ပါတယ်။ အဆိုပါ ရောဂါပိုးကြောင့် ကြက်အကောင်ရေ သန်းပေါင်းများစွာ သေဆုံးခဲ့ပြီး တောရိုင်းငှက်များ၊ ကုန်းမြေနဲ့ အဏ္ဏဝါနို့တိုက်သတ္တဝါများလည်း ကူးစက်ခံခဲ့ရပါတယ်။ နွားတွေ၊ ဆိတ်တွေလည်း ကူးစက်ခံရတဲ့ တရိစ္ဆာန်တွေထဲ ပါဝင်လာခဲ့ပါတယ်။ နောက်ပိုင်း ကူးစက်မှု အဆင့်မြင့်လာပြီး တရိစ္ဆာန်တွေမှ လူသားကိုပါ အပျော့စား ကူးစက်မှုတွေ ရှိလာတာ တွေ့ရပါတယ်။

အခုဆိုရင် နို့တိုက်သတ္တဝါတွေဆီ ဗိုင်းရပ်စ်ကူးစက်မှုရဲ့ နောက်ထပ်ခြေလှမ်းကို မြင်တွေ့လာရပြီး အမေရိကန်ပြည်နယ်တွေမှာ နွားအုပ်ပေါင်းများစွာ ထိခိုက်လာခဲ့ပြီး နို့စိမ်းတွေမှာလည်း ဗိုင်းရပ်စ်ပါဝင်မှု အလွန်မြင့်မားစွာ ပါဝင်လာတာတွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နွားနို့ထဲမှာ ဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ ဆိုတာကိုတော့ အတိအကျ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ဒီကူးစက်မှုဟာ စီးပွားဖြစ် နွားနို့ထောက်ပံ့မှုတွေအတွက်တော့ စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။