KNU ခေါင်းဆောင်ပိုင်းအပြောင်းအလဲ

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၇ ကြိမ်မြောက် ညီလာခံအစည်းအဝေးကျင်းပနေရာ ယနေ့ ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်လိုက်တယ်လို့ သိရပါတယ်။

ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးဟာအသက် ၉၀ အရွယ်ရှိပြီး ကျန်းမာရေးကြောင့် အနားယူလိုက်ပြီဖြစ်တဲ့အတွက် ဒီကနေ့ ညီလာခံ တက်ရောက်လာသူတွေက ပဒိုစောကွယ်ထူးဝင်းကို မဲပေးရွေးချယ်လိုက်တဲ့ အတွက် သူဟာ KNU ရဲ့ ၁၀ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

နောက်ပြီး KNU အမြဲတမ်းဗဟိုကော်မတီ၀င် ပဒိုစောဆဲဂေ ဟာ KNU ဒု-ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရတယ်လို့လည်း KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးထံမှသိရပါတယ်။ဥက္ကဋ္ဌ ရွေးချယ်ရာမှာ ပဒိုစောဆဲဂေ သည် မဲ ၆၆ မဲရရှိခဲ့ပြီး ပဒိုစောကွယ်ထူး၀င်းနှင့် မဲ ၄ မဲသာကွာတယ်လိုသိရပါတယ်။