အသက် ၂လ သားအရွယ် ကလေးငယ် စွန့်ပစ်မှုဖြစ်ပွား

အသက် ၂လသား အရွယ် ကလေးငယ် တစ်ဦးကို ရာဘာတောစပ်အနီး စွန့်ပစ်မှု မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း(သံဖြူဇရပ်မြို့) မှ သိရပါတယ်။

သံဖြူဇရပ်မြို့၊အောင်ဇေယျရပ်ကွက်(ကွက်သစ်)၊ကန်တော်ကျောင်းအနီးရာဘာတောစပ် အနီးမှာ အသက် ၂ လသား အရွယ်ခန့်ရှိသည့် ကလေးငယ် (ယောက်ျားလေး)တစ်ဦးကို စွန့်ပစ်မှု ဇူလိုင် ၁၄ ရက်နေ့ ညပိုင်းက ဖြစ်ခဲ့တာပါ။

ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း(သံဖြူဇရပ်မြို့) မှ တာဝန်ရှိသူတစ်ဦးက “ကလေးငယ်အား မိုးမရွာခင်အချိန်လေး တွေ့ရှိခဲ့ရတဲ့ အတွက်ကလေးငယ် လွန်စွာကံကောင်းခဲ့တယ်။ ကလေးငယ် အား လုံခြုံစိတ်ချရသော နေအိမ် တစ်အိမ်တွင် ထားရှိကာ သက်ဆိုင်ရာများ သို့ အကြောင်း ကြားပြီကလေးငယ်အတွက် တိုင်ပင်ကာ စီစဉ်ဆောင်ရွက် ပေးသွား မယ်။ ကလေးငယ် အတွက် လိုအပ်သော နို့မှုန့်များအားပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း မှ လှူဒါန်းပေးခဲ့ပါတယ်” လို့ ပြောကြားထားပါတယ်။

အဆိုပါ အောင်ဇေယျရပ်ကွက်(ကွက်သစ်)၊ကန်တော်ကျောင်းအနီးရာဘာတောစပ်နှင့် မလှမ်းမကမ်း ရှိနေအိမ် မှ ကလေးငိုသံ ကြားရလို့ သွားရောက်ရှာဖွေရာ ကလေးငယ်ကို စွန့်ပစ်ထားတာ တွေ့လို့ ဒေသခံ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းထံ ဖုန်းဆက်အကူအညီတောင်းခံလာလို့အသင်းက သွားရောက်ကူညီပေးခဲ့ကြောင်း သိရပါတယ်။

(မြန်မာ့ပလက်ဖောင်း)