လက်ရှောင်လာကြတဲ့ NUG/PDF တို့ရဲ့ တော်လှန်ရေး

NUG/PDF တို့ရဲ့ တော်လှန်ရေးဟာ တဖြည်းဖြည်းချင်း ကျဆုံးခြင်းကိုရောက်ရှိလာနေပါပြီ။ လက်နက်ကိုင်တွေကို ထောက်ပံ့ပေးနေတဲ့ PDF ထောက်ပို့တွေဟာလည်း တဖြည်းဖြည်းချင်း လက်ရှောင်လာနေကြပြီ။ ဘာလို့လဲဆို PDF များရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူတွေဆီက အလှူငွေတွေမရလာကြသလို ထောက်ခံမှုတွေလည်း မရကြတော့သလို အကြမ်းဖက် PDF တွေကို မြန်မာနိုင်ငံမှမဟုတ် အခြားနိုင်ငံအများစုကပါ လက်မခံလာကြတော့ပါဘူး။ ဒါကြောင့်မို့ အသိတရား ရလာတဲ့ PDF တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်များကို စွန့်ခွာပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ လည်း ယနေ့ချိန်ထိ ၅၇၂ ဦး ရှိနေပြီဖြစ်ပါတယ်။ PDF ထောက်ပို့တော်တော်များများလည်း ဝေဖန်တိုက်ခိုက်မှုတွေ၊ ငွေရေးကြေးရေးအရှုပ်အရှင်းတွေနဲ့ တော်လှန်ရေးကို စိတ်ကုန်ပြီး စွန့်လွှတ်လာသူတွေများပြားလျက်ရှိကြောင်း သိရှိရပါတယ်။ ဒါကြောင့်မို့ ဉပဒေဘောင်အတွင်း မိသားစုနဲ့အေးချမ်းတဲ့ ဘဝမှာနေထိုင်နိုင်ဖို့ နိုင်ငံတော်အစိုးရက အမြဲတမ်းတံခါးဖွင့်ထားလျက်ရှိပါတယ်။