ထိုင်းနိုင်ငံက ရာဘာခြံတစ်ခုအတွင်း မြန်မာ ၃ဦးအားပစ်သတ်မှု ဖြစ်ပွား

ထိုင်းနိုင်ငံက ရာဘာခြံတစ်ခုအတွင်း မြန်မာ ၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦးတို့ သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဆွမ်ဖောင်ခရိုင်အတွင်က ဆီအုန်းနဲ့ ရာဘာခြံ စိုက်ခင်းအတွင်း ဇူလိုင် ၁၆ ရက်နေ့က ဖြစ်တာလို့ ဆိုပါတယ်။

ယင်းဖြစ်စဉ်အတွင်း အသက် ၃၀ ကျော်အရွယ်ကနေ အသက် ၅၀ ကျော်အရွယ်အတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေသလို ထိုင်းနိုင်ငံသား ၁ ဦးလည်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို အုန်းရွက်ခြောက်နဲ့ ဖုံးထားတာ ရဲကတွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ သေဆုံးသူ ၄ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို စဝီဆေးရုံကို ပို့ဆောင် ထားကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။