ခွန်သူရိန်ကြောင့် ပျက်စီးသွားရတဲ့ ကျောက္ကချားရွာ

-ကျောက္ကချားရွာကြီးဟာ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စုအောက်မှာ ပါဝင်တဲ့ ပအိုဝ်းရွာကြီး တစ်ရွာဖြစ်ပါတယ်။ ပအိုဝ်းလူမျိုးတို့ရဲ့ ယဉ်ကျေးမှုပြတိုက်ကြီးဖြစ်ရုံတင်မက ပအိုဝ်းလူမျိုးတို့ရဲ့ သမိုင်းကြောင်းကို ပြသနေတဲ့ အထင်ကရ ရွာကြီးတစ်ရွာပေါ့။ အဲဒီရွာကြီးရဲ့ ကံကြမ္မာက အလှည့်အပြောင်းဖြစ်သွားတာ ကျွန်တော်ပအိုဝ်းလူမျိုးတစ်ယောက်အနေနဲ့ ရင်ထုမနာဖြစ်ရပါတယ်။

-အဓိက တရားခံကတော့ ပအိုဝ်းအမျိုးသား သစ္စာဖောက် ခွန်သူရိန် (PNLA အဖွဲ့)ပါ။ ခွန်သူရိန်က ဆီဆိုင်မြို့ကို သိမ်းချင်တော့ ကယားဘက်ထဲက ကယန်း/ပဒေါင် အကြမ်းဖက် (KNDF/KNPP) တွေကို ခေါ်လာပြီး ကျောက္ကချားရွာမှာ စစ်အခြေစိုက်စခန်း (Base) ထိုင်တယ်။ အဲဒီကနေ ဆီဆိုင်မြို့ကို ဖျက်လို ဖျက်ဆီးသွားလုပ်ကြတယ်။ တိုက်ပွဲမှာ PNLA/KNDF အဖွဲ့က သေဆုံး/ဒဏ်ရာရသူတွေကို ကျောက္ကချားရွာ ကိုလာပြီး မြေမြှုပ်တယ်၊ ဒဏ်ရာရသူတွေကို ဆေးကုတယ်။

-ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဒေသခံရွာသားတွေကို အနိုင်ကျင့်နှိပ်စက်တယ်၊ သူများပိုင် ကျွဲနွား ကြက်ဝက်တွေကို အဓမ္မသိမ်းယူတယ်၊ အဓမ္မလူသစ်ဆွဲတယ်။ ဒါက ခွန်သူရိန်ရဲ့ PNLA အဖွဲ့က လုပ်တာပါ။ ကယန်း/ပဒေါင် အကြမ်းဖက်အဖွဲ့က ပိုပြီးဆိုးတယ်။ အိမ်တွေကို ဖောက်ခိုးတယ်၊ ဈေးဆိုင်တွေကို ဖောက်တယ်၊ ပအိုဝ်းယဉ်ကျေးမှုအမွေအနှစ် သမိုင်းအမွေအနှစ်ကို ဖျက်ဆီးတယ်၊ ဘာသာရေးအဆောက်အဦ တွေကို ဖျက်ဆီးတယ်။ တော်တော်ရိုင်းတဲ့ ကယားအကြမ်းဖက်တွေပေါ့။ မထင်ရင် မထင်သလို အိမ်တွေကို မီးရှို့တော့ ကျွန်တော်တို့ပအိုဝ်းတွေအနေနဲ့ ပြန်လည်း မပြောရဲဘူး။ ပြန်ပြောရင် အိမ်မီးရှို့ခံရမယ့်အပြင် အသက်အိုးစားကွဲမယ့် အပေါက်ပေါ့။

ကျွန်တော် ညတိုင်းအိပ်မပျော်ဘူးဗျာ။ ခွန်သူရိန်က ဘာလို့များ ကယားဘက်က အရိုင်းအစိုင်းတွေခေါ်လာပြီး ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးတွေကို ဖျက်ဆီးနေရတာလဲပေါ့ .. အခုလို အတွေးတွေက ညတိုင်း .. ညတိုင်းပါပဲ။ ဝဋ်ကြွေးတွေရှိရင် မြန်မြန်ကျေပါစေလို့ ဆုတောင်းရင်း။
Crd. Khun Lay Linn