မတ်လ ၂၂ ရက်နေ့မှုခင်းသတင်းများ

-မတ်လ ၂၁ ရက် ၀၂၀၀ နာရီတွင် ကလေးဝမြို့နယ်၊ တုံနန်းကျေးရွာနေ ဦးအောင်နိုင်ဦး(၅၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ဖြူဖြူစန်း(၃၉)နှစ်တို့ ၂ ဦးသည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ ၁၀ ဦးခန့်မှ ကျွဲနံကျေးရွာဘက်မှ စက်လှေ ၁ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့ ၂ ဦးအား ကျွဲနံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-မတ်လ ၂၁ ရက် ၂၂၂၀ နာရီတွင် အမရပူရမြို့နယ်၊ မိကျောင်းတက်ကျေးရွာတွင်နေထိုင်သော ဦးသောင်းထွန်း(၄၆)နှစ်သည် နေအိမ်တွင် ရှိနေစဉ် အကြမ်းဖက်PDF ၂ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၂ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသောင်းထွန်းတွင် ယာပါးကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် နေရာတွင် သေဆုံးခဲ့။

-မတ်လ ၂၁ ရက် ၂၂၃၀ နာရီတွင် နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာတွင်နေထိုင်သော ဦးမြတ်ဇော်(၅၈)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးမြတ်ဇော်တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့။

-မတ်လ ၂၁ ရက် ၁၂၁၅ နာရီတွင် သဲကုန်းမြို့နယ်၊ သာပေါင်းကျေးရွာတွင် နေထိုင်သော ဦးမြင့်ဆွေ(၆၇)နှစ်နှင့် ဦးဖြိုးဝေမြင့် (၄၀)နှစ်၊ ရပ်ကွက်(၂)၊ သဲကုန်းမြို့နေသူတို့သည် ဆိုင်ကယ်ဖြင့် သဲကုန်း-ဆင်မြီးဆွဲသွား ကားလမ်းအတိုင်း ပြန်လာခဲ့ရာ အကြမ်းဖက် PDF ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ၆ ချက်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ရာ ဦးမြင့်ဆွေတွင် လည်ပင်းဝဲဘက်၊ နောက်ကျောဝဲဘက်၊ ဝမ်းဗိုက်တို့ ကျည်ဖောက်ဝင်ဒဏ်ရာ (သေဆုံး)နှင့် ဦးဖြိုးဝေမြင့်တွင် နောက်ကျောပစ္စတိုကျည် ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့။

-မတ်လ ၂၁ ရက် ၁၅၁၅ နာရီတွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သတိပဋ္ဌာန်ရပ်ကွက်၊ အမှတ်(၅)လမ်းနေ ဒေါ်နွယ်နွယ်ဝင်း(ခ)ဒေါ်ချို(၄၄)နှစ်၏ နေအိမ်၌ ဦးစန်းအောင်ညွန့်(၄၀)နှစ်၊ အောင်ကိုဦး(၃၉)နှစ် တို့သည် ဝိုင်းဖွဲ့စကားပြောနေစဉ် အကြမ်းဖက် PDF ၃ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ပြီး ဦးစန်းအောင်ညွန့်အား သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစန်းအောင်ညွန့် တွင် ယာနားထင်မှ ဝဲပါးဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့။