အမ်းဒေသခံပြည်သူများအား ရိက္ခာများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

AA အကြမ်းဖက်အဖွဲ့ဖော်ဆောင်နေသော တိုက်ပွဲများကြောင့် ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေသည့် အမ်းခရိုင်မှ ဒေသခံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အမ်း-ပဒါန်းလမ်းကြောင်းပေါ်မှတစ်ဆင့် ကုန်စည်ပို့ဆောင်ရေး အရပ်ယာဉ်(၂၇) စီးဖြင့် ရောက်ရှိလာသော ရိက္ခာနှင့်စားသောက်ကုန်ပစ္စည်း(၈)မျိုး ပါဝင်သည့် ယာဉ်တန်းသည် အမ်းမြိုသို မေလ(၂)ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့ရာ တာဝန်ရှိသူများနှင့် အမ်းမြိုရှိ ဒေသခံပြည်သူများက အမ်းမြိုအဝင် ပဲပဒုံတံတားအနီးတွင် အောင်သပြေများဖြင့် လှိက်လှိက်လှဲလှဲ ဝမ်းပန်းတစ်သာ ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။

ထိုသို့ အမ်း-ပဒါန်းလမ်းကြောင်းပေါ်မှတစ်ဆင့်ပေးပို့သည့် ယာဉ်တန်းများအား AA အကြမ်းဖက်သောင်းကျန်းသူများက ပိတ်ဆိုနှောင့်ယှက်ပစ်ခတ်ခဲ့ကြသော်လည်း အမ်းမြို့ရှိ နယ်မြေခံတပ်မတော်သားများက အမ်း-ပဒါန်းလမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးဆောင်ရွက်၍ အောင်မြင်စွာပိုဆောင်ပေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ရောက်ရှိလာသော စားသောက်ကုန်ပစ္စည်းများကို မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများထံ ရောင်းချပေးခဲ့တယ်လို့သိရပါတယ်။