မင်္ဂလာနံနက်ခင်းလေးပါ

အရွယ်ကျဆင်းလာတဲ့အခါ
လှပဖို့ဆိုတာထက်

ကျက်သရေရှိအောင်ပဲ
ဘ၀မှာ နေထိုင်တတ်ဖို့လိုပါတယ် ။

အဆင်မပြေမှုတွေကြုံလာတဲ့အခါ
အမြန်ပြေလည်ဖို့ဆိုတာထက်

အမှားလမ်းဘက် မရောက်အောင်
သတိထားပြီး လျှောက်ဖို့လိုပါတယ် ။

သတိတွေ ချော်လာတဲ့အခါ
ပျော်ရွှင်ဖို့ဆိုတာထက်

စိတ်ဓါတ်မကျအောင်ပဲ
ထိန်းသိမ်းတတ်ဖို့ လိုပါတယ် ။

နေချိန်တွေ နည်းလာတဲ့အခါ
အများအကြောင်းတွေ သိဖို့ထက်

ကိုယ့်အကြောင်းကိုယ်ပဲ
စိတ်၀င်စားတတ်ဖို့ လိုပါတယ် ။

ဆုတ်ယုတ်လာတဲ့အခါ
အခြံအရံအဖော်တွေရှိဖို့ဆိုတာထက်

တရားအသိလေးတွေနဲ့
ကိုယ့်မှာ အားကိုးရာရှိဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏