ငယ်ငယ်ကအကြောင်းလေးတွေပြန်လည်သတိရစေတဲ့ သီတင်းကျွတ်ချိန် ဖွင့်နေတဲ့သီချင်းလေး

ဒီသီချင်းလေးကြားလိုက်ရတဲ့ အချိန်မှာ

ငယ်ငယ်က တပ်ထဲမှာ ခင်မင်ခဲ့ကြတဲ့သူငယ်ချင်းအပေါင်းအသင်းတွေ ပျော်ရွှင်ခဲ့ရတဲ့

အချိန်တွေကို ပြန်လည် အောက်မေ့ သတိရမိတယ်

အတူတူဆော့ကစားခဲ့ကြတဲ့ ‌နေရာလေးတွေ၊ အတူတူလည်ပတ်ခဲ့ဖူးတဲ့ နေရာလေးတွေ၊

တပ်ဦးကျောင်းက ဘုရားမှာ ဆီးမီးပူဇော်ထားတဲ့ ဖယောင်ချပ်တွေ ခွာပြီး ငရဲမီး ဆော့ခဲ့တာတွေ

ဇလပ်ဝါ ဘီစကစ်ထုပ်လေးတွေနဲ့ တပ်လိုင်းခန်းထဲက လူကြီးတွေကို လိုက်ကန်တော့ပြီး

မုန့်ဖိုးတောင်းခဲ့တာတွေ ပြန်တမ်းတမိတယ်…

ငါ့တူမကြီးရော့ မုန့်ဖိုး ဟိုးမှာတွေ့တဲ့ အန်တီကို သွားပြော…

အန်တီ…အန်တီ…ဟိုဦးလေးကြီးက ပြောတယ် ဝါကျွတ်ပြီးတဲ့ ဆိုတဲ့

မုန့်ဖိုးယူပြီး စကား ပွဲစားလုပ် အောင်သွယ်တော် လုပ်ခဲ့တာတွေ

ပြန်တမ်းတမိတယ်…