TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက်မည့် တရားခံများအား ဖမ်းဆီးရမိ

အောက်တိုဘာလ ၂ ရက် ညနေပိုင်းတွင် ကျောက်မဲမြို့နယ်၊ Oriental တိုးဂိတ်၌ မန္တလေးမြို့မှ ကျောက်မဲမြို့ဘက်သို့ ထွက်ခွာလာသည့်
“ရွှေလိပ်ပြာ”ခရီးသည်တင် ယာဉ်လိုင်းမှ ယာဉ်မောင်း လှိုင်မင်းထွန်း မောင်းနှင်သည့် ယာဉ်အမှတ်၊ CC-8581 ၊ Wingroad အမျိုးအစား
ခဲရောင်မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန်
သွားရောက်မည့် တရားခံများဖြစ်သော ညီညီထွန်း၊ သန့်ဇင်ထွန်း၊ ဟိန်းမင်းဦး၊ ထက်ပိုင်လင်း၊ မျိုးမြင့်မြတ်၊ ကျော်ဇင်ထက်၊ စိုင်းထက်အောင်၊
အောင်ဇော်ဟိန်း၊ ဝေယံဦးနှင့် စနေထွန်း တို့ ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ပါတယ်။

ယင်းနေ့ညပိုင်းတွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်မည့်သူများအား ချိတ်ဆက်ပို့ဆောင်ပေးမည့် တရားခံ ကေလာအား
ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ကားဝင်း၌ ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် စုစုပေါင်းတရားခံ ကျား ၁၂ ဦး အား ဖမ်းဆီးရမိခဲ့တယ်လို့
သိရှိရပါတယ်။