ဘူးသီးတောင်အဝင် ပန်ဇင်းချောင်းတံတားကို AA အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အဝင်မှာရှိတဲ့ ပန်ဇင်းချောင်းတံတားကို အစွန်းရောက်  ရခိုင်သူပုန် AA အကြမ်းဖက်အဖွဲ့က မေလ ၆ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးလိုက်တာကြောင့် ရေအလည်တိုင်စင် ကျိုးကျပျက်စီးသွားတယ်လို့သိရပါတယ်။

အစွန်းရောက်ရခိုင် AA အကြမ်းဖက်သောင်းကျန်းသူများဟာ ဧပြီလအတွင်းမှာလည်း ဆင်အိုးပြင်ရွာနဲ့ ဂုံးနားရွာကြားမှာရှိတဲ့ တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း ကျောက်ဖြူမြို့ရှိ တံတား ၂ စင်းနဲ့ မအီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။ #Crd