အရပ်သား ၃ ဦးကို PDF ကသတ်ဖြတ်ပြီး အလောင်းရော ပရဟိတကားကိုပါ မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာမှာ နိုဝင်ဘာ ၁၄ ရက်၊ နေ့လယ်ပိုင်းက လူမှုကူညီရေး အသင်းသားတစ်ဦး၊ ပြည်ခိုင်းဖြိုးပါတီ ရပ်/ကျေးဥက္ကဋ္ဌတစ်ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ ပေါင်း (၃) ဦးတို့ကို PDF တွေက သတ်ဖြတ်ပြီး ပရဟိတအသင်းကားကိုပါ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူတွေက ဓမ္မပီယ လူမှုကူညီရေးအသင်းက အသင်းဝင် ဦးဇော်မင်း၊ ပေါက်တပင်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမျိုးတင့်နဲ့ ပြည်ခိုင်ဖြိုးပါတီ၊ ရပ်/ကျေးဥက္ကဋ္ဌ ဦးခင်ဝင်းတို့ဖြစ်ကြပြီး ပေါက်တပင်ကျေးရွာကနေ တကောင်းမြို့ကို ပရဟိကားနဲ့အသွား ကိုးပင်ရွာအနီးမှာ PDF တွေက သေနတ်နဲ့ပစ်သတ်ပြီး ပရဟိကားပါ မီးရှို့လိုက်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်မနက်ပိုင်းကလည်း မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတားကျေးရွာမှာရှိတဲ့ ရွှေတံတား လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမြင့် ဆိုသူကို PDF တွေက အသင်းရုံးရှေ့မှာပဲ သေနတ်နဲ့ပစ်သတ်သွားတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

CRD;