တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ကျင်းပမည်

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ ကို ရန်ကုန်မြို့ Inya Lake Hotel ဝင်းရှိ Yangon Convention Center တွင် ၂၀၂၃ ဒီဇင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို တရုတ်နိုင်ငံ Zhejiang ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ပံ့ပိုးကူညီမှုနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ Chinese Textile & Garment Association (CTGA) တို ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။