TNLA ကြောင့်ပျက်စီးနေရတဲ့ ရှမ်းပြည်နယ်

ရှမ်းလူမျိုးအများစုက စီးပွားရှာနိုင်ပြီး အေးဆေးစွာနေထိုင်တတ်တဲ့ လူမျိုးတွေပါ။ ငွေကြေးလည်း ချမ်းသာကြတယ်။ မွန်လူမျိုးပြီးရင် ရှမ်းလူမျိုးတွေက ဘာသာတရားလည်း အကိုင်းရှိုင်းဆုံးပဲ။ ဒါကြောင့် ရှမ်းလူမျိုးအများဆုံးနေထိုင်တဲ့ မြို့/ရွာတွေဟာ ဗြောစည်သံတညံညံနဲ့ ကြီးပွားတိုးတက်ကြတယ်။

အဲ့လိုစည်ကားတဲ့ ရှမ်းမြို့/ရွာလေးတွေဟာ ဘာမဟုတ်တဲ့ TNLA ကြောင့် ပျက်စီးခဲ့ကြရတယ်။ TNLA မှာ ပလောင်တွေ အများဆုံးဖြစ်ပါတယ်။ ယခင်က KIA ကို ဩဇာခံခဲ့သလို ယခုတော့ ဝ ရဲ့ထောက်ပံ့မှုတွေကိုယူပြီး စစ်ကိုင်းတိုင်းက ဗမာ PDF တွေနဲ့ပူးပေါင်းခဲ့လို့ အင်အားကြီးထွားပြီး ရှမ်းတွေနေတဲ့ဒေသတွေမှာ အဖျက်လုပ်ငန်းတွေ လုပ်ကိုင်လာကြတယ်။

အေးဆေးစွာနေထိုင်တတ်ပြီး ကြီးပွားချမ်းသာကြတဲ့ ရှမ်းလူမျိုးတွေက TNLA ကို မကျေမနပ် ဖြစ်နေကြတယ်။ ရှမ်းမှာလည်း RCSS/SSA နဲ့ SSPP/SSA (ဝမ်ဟိုင်း) ဆိုတဲ့ လက်နက်ကိုင် ၂ ဖွဲ့ရှိတယ်။ သူတို့ ၂ ဖွဲ့ကလည်း အချင်းချင်းမတည့်တော့ ရှမ်းတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ရှမ်းလူမျိုးတွေဟာ TNLA ပြုသမျှကို နုနေကြရတယ်၊ လက်ပိုက်ကြည့် နေကြရပါတယ်။

ပြောချင်တာက တပ်မတော်အနေနဲ့ ရှမ်းလူမျိုးတွေအတွက် TNLA ဌာနချုပ်တွေကို မြေလှန်သင့်ပြီ ဆိုတဲ့ အကြောင်းကိုပါ။ RC တို့၊ ဝမ်ဟိုင်းတို့ကလည်း တပ်နဲ့ ပူးပေါင်းကြဖို့တော့လိုတာပေါ့။