ခေတ်သစ်မာရ်နတ် (သို့) သာသနာဖျက် NUG/PDF

နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးသည် ကမ္ဘာပေါ်တွင်အကြီးဆုံးဖြစ်လာမည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်ထုလုပ်ပူဇော်စဉ်ကစပြီး အနယ်နယ်အရပ်ရပ်မှ စေတနာရှင်မိဘပြည်သူများက တတ်စွမ်းသရွှေ့လှူဒန်းနေကြတာဟာဗုဒ္ဓဘာဝင်များသာမက မြန်မာပြည်သူအားလုံးကပါ သာဓုအဒုမောဒနာ ခေါ်ဆိုနေကြရတာပဲဖြစ်ပါတယ်။ လှူဒန်းပူဇော်ခြင်းဆိုတာဟာလည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အမြဲပြုလုပ်နေကြလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူအများစုဟာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူများသာ ဖြစ်ပါတယ်။ ဒီလိုဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်နေတဲ့ မြန်မာပြည်မှာ အနောက်အုပ်စုအလိုကျ လိုက်ပါလုပ်ဆောင်ပြီး သာသနာကိုပျောက်ကွယ်အောင်/မှေးမှန်အောင်လုပ်နေတဲ့ ခေတ်သစ် မာရ်နတ်များလည်း ရှိလို့နေပါတယ်။ ဇွန်လ ၂၉ ရက်နေ့တွင် အလှူရှင် ၁၀၁ ဦးက အလှူငွေ ၁၆၁၇၇ သန်း ကို အစိုးရနဲ့ ပူးပေါင်းပြီး သာသနာတော်ပြန့်ပွားရေး‌ဆောင်ရွက်ခဲ့ပါတယ်။ ဒါကို ခေတ်သစ် မာရ်နတ်/ NUG/PDF တို့က ဘုရားတည်ကုသိုလ်ပြုတာကို အလှူငွေများ လှူရကောင်းလားဆိုပြီး ဝေဖန်တိုက်ခိုက်နေကြတာပါ။ တော်လှန်ရေးဆိုကာ ဘုရားသားတော်တွေကို သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကို စစ်ရေးအကာအကွယ်ပြုလုပ်ခြင်း များကို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေကြပါတယ်။ ဒီတော့ အကယ်၍များ သူတို့တွေဆီသာ အုပ်ချုပ်မှုအာဏာများ ရသွားခဲ့ရင် မြန်မာနိုင်ငံရဲ့ သာသနာတော်ကြီးဟာ မှေးမှိန်ပျောက်ကွယ်သွားမှာကို စိုးရိမ်နေရပါတယ်။ ဒီတော့ သာသနာပြုမင်းနဲ့ သာသနာတော်ကို ချစ်မြတ်နိုးသူတွေ များများပေါ်ပေါက်ပါစေကြောင်း ဆုတောင်းရင်း..