ဒုတိယအကြိမ်ကမ်းလှမ်းမှု့ကိုလည်း ပယ်ချခံခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းရဲ့ လူငယ်ကစားသမား ကိုင်စီဒို ကို အပိုဆုကြေးများအပါအဝင် ငွေကြေးအမြောက်အများနဲ့ ဒုတိယအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ထပ်မံပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

ပထမအကြိမ်တုန်းကလည်း ဘရိုက်တန်အသင်းထံ ပေါင်သန်း၇၀နဲ့ အဆိုပါကွင်းလယ်လူအတွက် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာလည်း ပေါင်သန်း ၉၀ကျော်နဲ့ထပ်မံ ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်တို့ဟာ နှောင့်နှေးမနေပဲ ပယ်ချလိုက်တာဖြစ်ပါတယ်။

အဆိုပါအသက်၂၀ကျော်သာရှိသေးတဲ့ အီကွေဒေါ လက်ရွေးစင်ကစားသမားဟာ ဘရိုက်တန်အသင်းရဲ့ကွင်းလယ်ကို ပဲ့ကိုင်ပေးနေတဲ့သူတစ်ဦးဖြစ်ပြီး ကလပ်အသင်းဘက်က ကစားသမားကိုရောင်းချဖို့စိတ်ကူးမရှိတာကြောင့် ကမ်းလှမ်းမှု့တိုင်းကိုငြင်းပယ်နေတာဖြစ်ကြောင်းသိရပါတယ်။ ကိုင်စီဒို အတွက် ယခင်က ပေါင်သန်း၁၀၀ကျော်ရရှိမှရောင်းချသွားမှာဖြစ်ကြောင်း ဘရိုက်တန်ကကြော်ငြာထားခဲ့သလို ရောင်းချဖို့ စိတ်ကူးမရှိတာကြောင့် မဖြစ်နိုင်တဲ့ငွေကြေးကို တောင်းဆိုထားတာဖြစ်ပါတယ်။

CRD: