သံဖြူဇရပ်တွင် WY/R စိတ်ကြွဆေးပြားများ ဝယ်ရောင်လုပ်နေသူတစ်ဦးအား ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့တွင် တိုးလွင်ထွန်း (၅၀)နှစ်၊ (ဘ) ဦးသက်လွင်၊ ၁၀/သဖရ(နိုင်)၀၆၄၉၆၁၊ ဗမာ/ဗုဒ္ဓ၊ ကားပြင်ဆရာ၊ မင်းရဲကျော်စွာ(၆)လမ်း၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြိုနေသူအား WY/Rစာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၉၇)ပြား၊ အလေးချိန် (၁၉.၇)ဂရမ်၊ ကာလတန်ဖိုး (၃၉၄၀၀၀)ကျပ်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
ဖမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့်ပတ်သတ်၍ တိုးလွင်ထွန်းအား စစ်ဆေးရာ ၎င်းသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်၊ လွှတ်ရှမ်းကျေးရွာအနီးရှိ အသားဖြူ၊ အသက်(၃၀)နှစ်ခန့်ရှိ၊ စကားပြောဝဲ၊ အရပ်သင့်လူငယ်တစ်ဦး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား(၁၉၇)ပြားအား တစ်ပြားလျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် (၃၉၄၀၀၀)ကျပ် အား သွားရောက်ဝယ်ယူ ရောင်းချနေသူဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။