တိုက်ပွဲသတင်း

ကချင်ပြည်နယ် ဖားကန့်မြိုအနောက်တောင်ဘက်၌ လုံခြုံရေးတပ်ဖွဲများက ယာဉ်များအား ရှာဖွေစစ်ဆေးစဉ် မသင်္ကာဖွယ် AD Van ယာဉ် ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ-
ယာဉ်မောင်း ၁ ဦးသေဆုံး၊ အရှင် ၂ ဦး၊ အမေရိကန်နိုင်ငံထုတ် ပစ္စတို ၁ လက်၊ အမ်ဂျီ(၁) လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ လျှပ်စစ်ဒီတိုနေတာ ၅၀ ခု သိမ်းဆည်းရမိခဲ့။

ကသာမြိုနယ် ဖုန်ကုန်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲများ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၂ နေရာမှ KIA နှင့် PDF ပူးပေါင်း ၄၀ ဦးခန့်က လက်နက်များဖြင့်စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ-
PDF ၂ လောင်း၊ လက်လုပ်ရှော့တိုက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ဆိုင်ကယ်ဘတ္ထရီ ၂ လုံး သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။