ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာအနီးမှာ လက်ပစ်ဗုံးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

၂၀၂၃ ခုနှစ် ဇွန်လ ၂၁ရက်နေ့ ၁၅၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် ရှင်းလင်းရာ အကြမ်းဖက်သမားများမှာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့နေထိုင်ခဲ့သည့် တောင်ယာ တဲ ၃ လုံးအတွင်းမှ-
(က) ကျည်အိမ် -၂ ခု
( ခ ) M-22 ကျည် -၇၅ တောင့်
( ဂ ) 9 MM ကျည် -၇ တောင့်
(ဃ) 5.56 ကျည် -၇ တောင့်
( င ) တရုတ်ကြိုးဆွဲလက်ပစ်ဗုံး -၂ လုံး တို့အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့နေထိုင်ခဲ့သည့် တောင်ယာတဲ ၃ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။